Price - 6000.00Ks
Author - ရွှေဥဒေါင်း
Description - သူဌေးတိုင်းပြည်လို့ နာမည်ကြီးနေသော အမေရိကန်ပြည်ကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်တဲ့ မိသားတစ်စုရဲ့ ရုန်းကန်လှုပ်ရှားရပုံများကို မြင်တွေ့ရမယ့် ဆရာကြီးရွှေဥဒေါင်းရဲ့ ၁၉၅၅ခုနှစ် စာပေဗိမာန် ဘာသာပြန်ဆုရ စာအုပ်ကောင်းတစ်အုပ် .. အစားလေးတစ်လုတ်စားရဖို့အရေး ရှာလိုက်ရတဲ့အလုပ်တွေ .. အလုပ်လေးတစ်ခုရလာရင်လည်း အဲ့အလုပ် ပြန်ပြုတ်မသွားအောင် ဗလက္ကာရ ပြုကျင့်တာကိုတောင် ရေငုံနှုတ်ပိတ်နေရတဲ့ အဖြစ်တွေက ရင်နင့်စရာ .. အေးခဲလွန်းတဲ့ ရာသီဥတုကို အန်တုပီး အလုပ်သွားပေမယ့် ခန္ဓာကိုယ်က မခံနိုင်တော့ သွေးခဲပြီး လက်ချောင်းလေးတွေ ပြတ်ကျသွားတဲ့ ကလေးငယ် .. အေးစက်မှောင်မိုက်တဲ့ အခန်းကျဥ်းလေးထဲမှာ ကြွက်တွေဝိုင်းကိုက်လို့ ကယ်ပါ ယူပါ တဆာဆာအော်ရင်း အရိုးစုဖြစ်သွားတဲ့ စတန်နီလို ကလေးလေးအကြောင်းကတော့ စာဖတ်သူရင်ကို ထိခိုက်စေမှာ အမှန်ပါပဲ .. အထူးသဖြင့် အရင်းရှင်လူတန်းစားတစ်ရပ်က အလုပ်သမားလူတန်းစားတွေကို ဖိနှိပ်ပီး ဂုတ်သွေးစုပ် အုပ်ချုပ်နေကြတဲ့ အဖြစ်ကို ပေါ်လွင်အောင် ရေးသားထားနိုင်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ် ..
| Pages | 191 |
Comments