Price - 5000.00Ks
Author - ဒေါက်တာဦးသန်းထွန်း(ရွှေဘို)
Description - ရာဇဝင်ကို တုတ်တွေ၊ ဓားတွေ မထမ်းဘဲ ကျမ်းတွေ၊ ပေပုရပိုက်တွေထမ်းပြီး ငြင်းခုံကြလျှင် ကြားရသူတို့ ဗဟုသုတဖြစ်ဖွယ်ရှိပါသည်။ ယခုစာအုပ်မှာ ဆရာကြီးဒေါက်တာသန်းထွန်း(ရွှေဘို)၏ မြန်မာရာဇဝင်ကျမ်းကြီးများကို သမိုင်းအမြင်သစ်ဖြင့် ဆင်ခြင်သုံးသပ်မှုပြုထားသည့် စာအုပ်ဖြစ်ပါသည်။ သမိုင်းခေတ်အားဖြင့် ပုဂံအကြိုနှင့် ပုဂံခေတ်နှောင်းပိုင်းမှ အင်း၀ခေတ်နိဒါန်းအထိ ဖြစ်ပါသည်။ သုတေသီ၊ ပညာရှင်တွေအတွက်သက ရည်ရွယ်ရင်းမဟုတ်ဘဲ၊ ပြည်သူအများ ဖတ်ရှုစဉ်းစားစေလိုသော စေတနာဆန္ဒဖြင့် ကျမ်းကြီးတစ်ခုလို လေးလေးလံလံ မဖြစ်စေဘဲ ပေါ့ပေါ့ပါးပါး ဖတ်နိုင်အောင်လည်း ရေးသားထားပါသည်။ ▪️ မြန်မာအစပြဿနာ၊ ▪️ ပျူရှာပုံတော်၊ ▪️ ပျူ ကမ်းယံ သက်၊ ▪️ တကောင်း၊ ▪️ သရေခေတ္တရာ၊ ▪️ ရခိုင်ဒေသ၊ ▪️သာကီဝင်ပြဿနာ၊ ▪️ပုဂံပြည်တည်ခြင်း၊ ▪️ ပုဂံမင်းဆက်ပြဿနာ၊ ▪️ ပုဂံခေတ်သူရဲကောင်းများ၊ ▪️ ပုဂံခေတ်တပ်မတော်၊ ▪️ ပုဂံခေတ် အုပ်ချုပ်ရေးနှင့် လူမှုရေး၊ ▪️ မြန်မာစကားနှင့် မြန်မာစာ၊ ▪️ ပုဂံခေတ်နှောင်းပိုင်း၊ ▪️မြင်းစိုင်း၊ ပင်းယ၊ စစ်ကိုင်းခေတ် …. အစရှိသည့် စိတ်ဝင်စားဖွယ်ရာ သမိုင်းလေ့လာချက်များနှင့် ဆင်ခြင်သုံးသပ်မှုများကို ပြည့်ပြည့်၀၀ ဖတ်ရှုရမည့် သမိုင်းသုတစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
| Pages | 271 |
Comments