Price - 10000.00Ks
Author - တက္ကသိုလ်ဘုန်းနိုင်
Description - လူငယ်ပြဿနာ၏ အခြေခံအစပျိုးမှုကို ရှာလျှင် မိဘတို့ စီမံဖန်တီးပေးသော ပတ်ဝန်းကျင်ကို လက်ညိုးတည့်တည့် ထိုးရပေမည် ‘ အမှာစာမှာ ဆရာကြီးက ဒီလိုထည့်ရေးခဲ့ပါတယ်။ တချို့ မိဘတွေ စီမံဖန်တီးပေးတဲ့ မိသားစုဘဝဟာ တကယ်ကော ပျော်စရာကောင်းနေပါရဲ့လား ဆိုတဲ့ အယူအဆတစ်ရပ်ကိုလည်း တွေ့ကြရမှာပါ။ ဇာတ်လမ်းကဆင်းရဲသော မုဆိုးမ မိခင်ရဲ့ ကြိုးစားပြီးပညာတော်သောသား ‘ မြင့်နွယ် ‘ မြင့်နွယ် မမျှော်လင့်ဘဲဆုံရတာက အရေးပိုင်သမီး ‘ စင်သီယာ ‘…နုသော၊ လှသော ၊ ခေတ်အလွန်ဆန်သော စင်သီယာ။ ဒီစင်သီယာကို မြင့်နွယ် ချစ်မိတယ်။ ဆိုတော့….မြင့်နွယ်ဘာဆက်လုပ်မလဲ။ တခေတ် တခါက နယ်မြို့တွေမှာ အရေးပိုင်ဆိုတာ ဧရာမလူကြီးဟာကိုး။ နောက်အနှစ် ၂၀ နီးပါးလောက်အကြာ စိတ်ပညာဋ္ဌာနမှာ ကထိက ဖြစ်နေတဲ့ ဦးမြင့်နွယ်ဟာ လက်တစ်ဖက်အကြောသေသလိုဖြစ်နေတဲ့ မိန်းမငယ်လေး ‘ မွန်မွန် ‘ နဲ့ ဆုံရတယ်။ မွန်မွန်ရဲ့ရောဂါဟာ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါရယ်လို့ သိသွားတော့ ဦးမြင့်နွယ်က ကုပေးဖို့ဖြစ်လာတယ်။ မွန်မွန်က ဘယ်သူလဲ သူ့ရောဂါ ဘာကြောင့်ဖြစ်တာလဲ။ ကုလို့ကော ပျောက်မှာလား။ ‘ စိတ်ပညာကဆိုတယ် ။ ပြဿနာ အမှုပွေတဲ့ကလေး မရှိဘူး တဲ့ ၊ ပြဿနာ အမှုပွေတဲ့ မိဘသာ ရှိသတဲ့ ‘
| Pages | 280 |
Comments