Price - 16500.00Ks
Author - ဆီးနှင်းခဲ
Description - “Dandelion တွေရဲ့ သိပ္ပံနာမည်က Taraxacum တဲ့… ” “တစ်နေ့ကျရင်ပေါ့. Dandelion ပန်းခင်းတွေဆီ ထပ်သွားမယ် ၊ မင်းလက်ကိုတွဲမယ်… လေထဲလွင့်သွားတဲ့ အစေ့လေးတွေကိုကြည့်ပြီး မင်းနဲ့မဝေးဖို့ ဆုတောင်းမယ်…” ဆိုတဲ့စာသားလေးတွေလို အပိုင်းအစလေးတွေက Taraxacum ရဲ့အပိုင်းတိုင်းလိုလိုမှာ ပါဝင်ခဲ့ပါတယ် အဲ့ဒီစာသားလေးတွေနဲ့ ယှဉ်တွဲပြီး Meaningful ဖြစ်တဲ့ Mini art လေးတွေကိုလည်း အပိုင်းတချို့ရဲ့ အခန်းဖွင့်အနေနဲ့ စုစုပေါင်း 23 ပုံတိတိ ထည့်သွင်းထားပါသေးတယ်။ “ခံစားချက်ဆိုတဲ့အရာကို ကျွန်တော်တွေ့ခဲ့ပါတယ်၊ ပြုံးတာ၊ ရယ်တာ၊ ဝမ်းနည်းတာ၊ ဝမ်းသာတာ၊ ကြည်နူးတာ၊ နောက်ဆုံး အချစ်ဆိုတဲ့ အရာကိုလည်း ကျွန်တော် ပြန်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဒီစကားတွေက Taraxacum ရဲ့ နှုတ်ဖျားကနေထွက်လာတဲ့စကားလုံးတွေပါ။ အဂ္ဂါနဲ့ မတွေ့ခင်မှာ လောကမှာရှိတဲ့ ခံစားချက်အမျိုးမျိုးကို လှောင်ပိတ်နေတဲ့နေရာကနေ ကြည့်နေခဲ့ရပြီး သေချာမထိတွေ့ခဲ့ရတဲ့ ကောင်ငယ်လေးက အဂ္ဂါကိုတွေ့တဲ့အချိန်မှာပဲ အဲ့ဒီဖန်လုံးထဲကနေ ထွက်လာနိုင်ခဲ့ပြီး ခံစားချက်ဆိုတာကို နားလည်သွားခဲ့တာပါ အဲ့ဒါကြောင့်ပဲ နူးညံ့လွန်းလှတဲ့ Dandelion အမွှားလုံးလေးက မာကျောတဲ့ ဖန်လုံးကို ခွဲထွက်လာနိုင်ခဲ့ပြီး ပြင်ပလောကမှာ လွတ်လပ်စွာ ပျံသန်းနိုင်ခဲ့ပြီဆိုတဲ့ Concept နဲ့ ဖန်တီးခဲ့တာပါပဲ။ ဖန်လုံးလေးထဲမှာပါတဲ့ လခြမ်းလေးကတော့ အဂ္ဂါရဲ့ လမင်းငယ်ပိုင် အဖြစ်နဲ့ဖန်တီးခဲ့တာလေးပါ ကာဗာရဲ့နောက်ခြမ်းမှာပါတဲ့ conversation နှစ်ခုမှာ အပေါ်တစ်ခုကတော့ ပထမဆုံးစတွေ့ချိန်မှာ သူတို့နှစ်ဦးကြားရဲ့ အခြေအနေပါပဲ။ စတွေ့တွေ့ချင်း ဝန်ခံပစ်လိုက်သလို အငြင်းခံလိုက်ရတဲ့ Taraxacum လေးပါ။ ဒါပေမဲ့လည်း မလျော့သော ဇွဲနဲ့ ဒုတိယ Conversation လေးအထိ ဖြစ်သွားခဲ့တယ်မလား၊ သူ့ရဲ့ ဇွဲရှိမှုကတော့ အောချလောက်တယ်နော် စုပ်လုံးချိုချဉ်၊ စွန်လေးတွေကအစ converastion နောက်ခံမှာပါတဲ့ Music note လေးတွေအဆုံး သူတို့နဲ့ပတ်သက်တဲ့ အမှတ်တရ အပိုင်းအစတွေပါပဲ💜
| Pages | 383 |
Comments