Price - 9000.00Ks
Author - မောရိသျှ
Description - အရှက်၊ အကြောက်ကြီးတာတွေ၊ အနေရွံ့ပြီး လူကင်းသူကင်း နေတတ်တာတွေ၊ ကိုယ့်စိတ်နဲ့ကိုယ် သီးသန့်နေပြီး လူအများရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်တာတွေကို ရှုံချအပြစ်ပြောတဲ့ ဒီနေ့ခေတ် လောကကြီးမှာ ပင်ကိုယ်စရိုက်များစွာရှိနေတဲ့အနက်၊ သုံးပုံတစ်ပုံသော လူတွေက အတွင်းစွဲ ငြိမ်သက်သူတွေ ဖြစ်နေတတ်ပါတယ်.. ဒါ့အပြင် တချို့သော ကမ္ဘာကျော်ကြား အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း အတွင်းစွဲ ငြိမ်သက်သူတွေ ဖြစ်နေတာကြောင့်လည်း၊ သူတို့သာ မရှိခဲ့ဘူးဆိုရင် Apple Computer ဆိုတာ ရှိလာမှာ မဟုတ်သလို၊ Theory of Relativity နဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ နေကြာပန်းတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။ ယခု ‘ငြိမ်သက်ခြင်း’ လို့ခေါ်တဲ့ ဆူဆန်ကိန်းရဲ့ စာအုပ်လေးမှာ အတွင်းစွဲ ငြိမ်သက်သူတွေအပေါ် လူမှုအသိုက်အဝန်းရဲ့ ထင်မြင်ယူဆပုံနဲ့အတူ… အတွင်းစွဲတွေရဲ့ စွမ်းရည်သတ္တိတွေကို တလွဲအသုံးချသလို ဖြစ်နေတာတွေကိုပါ ထောက်ပြထားသလို၊ အတွင်းစွဲ ငြိမ်သက်သူတွေ အနေနဲ့လည်း ကိုယ့်စရိုက်ရဲ့ အကျိုးကျေးဇူးတွေကို နားလည်ပြီး အကျိုးရှိအောင် အသုံးချနိုင်ဖို့ လမ်းညွှန်ထားချက်တွေ ပါရှိပါတယ်။ စိတ်ရင်းစေတနာပါပါ သုံးသပ်ဝေဖန်ထားချက်တွေ ပါရှိသလို၊ စနစ်တကျ သုတေသနပြုထားပြီး ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ဘ၀ဇာတ်လမ်းတွေကို စုံစုံလင်လင် တင်ပြထားသလို အတွင်းစွဲပဲ ဖြစ်စေ… အပြင်စွဲပဲ ဖြစ်စေ.. ဖတ်ရှုသူတိုင်းကို ပင်ကိုယ်စရိုက်ပိုင်းဆိုင်ရာ အသိပညာ တိုးပွာစေနိုင်မှာ ဖြစ်ပြီး လူနေမှုဘ၀အတွင်း ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ စရိုက်အလိုက် ပြုမှုကျင့်ကြံလာနိုင်မှာ ဖြစ်ပါတယ်…
| Pages | 224 |
Comments