Price - 2500.00Ks
Author - မင်းသေ့
Description - ချိုင်းနားရီဗျူး စာအုပ်ကိုထုတ်ဝေရခြင်း ရည်ရွယ်ချက်ရှိပါတယ်- ◾️ မြန်မာပြည်မှာ တရုတ်ရေးရာကို အထူးပြုအာရုံစိုက်လေ့လာမယ့် လူငယ်မျိုးဆက်သစ် တတ်သိကျွမ်းကျင်နားလည်သူ အကယ်ဒမစ်ပညာတတ်တွေ ထွက်ပေါ်စေချင်လို့ဖြစ်ပါတယ်။ မြန်မာဟာတရုတ်ကို ငြင်းပယ်ဖို့ခဲယဉ်းပါတယ်။ ဒါ့ကြောင့် အသာစီးရဖို့ဆိုတာထက် တရုတ်ချပေးတဲ့ ဝှက်ဖဲတစ်ချပ်ချင်းစီကို ထိုင်ရှင်းနေရုံနဲ့ အချိန်ကုန် အသက်ကြီးသွားဖွယ်ရာ ရှိပါတယ်။ ◾️တရုတ်အရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့ ပေါ့ပေါ့ဆဆဖြစ်လို့ မရပါ။ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူဦးရေအရ၊ စစ်ရေးအရ၊ သံခင်းတမန်ခင်းအရ ကိုယ့်ဘက်က များများပြင်ဆင် ထုပ်ပိုးထားနိုင်မှ အပေးအယူကိစ္စတွေနဲ့ နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းရေး ကိစ္စတွေမှာ မြန်မာက ရင်ဘောင်တန်းကစားနိုင်မှာဖြစ်ပါတယ်။ ◾️ ဘယ်ဘက်ကကြည့်ကြည့် မြန်မာနဲ့တရုတ်တွဲပြီး လုပ်တဲ့ကိစ္စတွေမှာ မြန််မာဘက်က အမြဲတမ်းလိုလို bargaining power ချို့တဲ့တာ တွေ့ရပါတယ်။ ဒါဟာ တတ်သိကျွမ်းကျင်သူတွေကို နံဘေးမှာ မထားနိုင်တဲ့ကိစ္စဖြစ်သလို၊ နေရာတကာမှာ အလွယ်လုပ်၊ အပေါ့တွေးပြီး အထူးပြုသမားတေွက ပြင်ဆင်ထုပ်ပိုးတဲ့ ပေါ်လစီအထုပ်အပိုးချို့တဲ့လို့ ဖြစ်ပါတယ်။ ◾️ အနာဂတ်မှာ ပညာတတ်ကို စနစ်တကျမွေးပြီး ခိုင်းမစားတတ်တဲ့ အစိုးရတွေရဲ့ ဗီဇစရိုက်ဟာ ဖျောက်နိုင်သေးမယ်မထင်ပါ။ ဒါ့ကြောင့် မြန်မာပြည်မှာ တတ်နိုင်သရွေ့ တရုတ်ရေးရာ ကျွမ်းကျင်သူတွေ တက္ကသိုလ်အဝန်းအဝိုင်းမှာ ထုတ်လုပ််နိုင်ဖို့လိုတယ်။ နိုင်ငံရေးပါတီနဲ့ မူဝါဒရေးရာ သုခမိန်အဖွဲ့တွေမှာလည်း တရုတ်အထူးပြုသမားတွေ အလျှိုလျှိုပေါ်ထွက်ဖို့ လိုတယ်။ ဒါကို အားပေးတယ်။ ထောက်ခံတယ်။ လိုလားတယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ ကျေးဇူးပြု မျိုးကြဲလိုက်ခြင်းဖြစ်ပါတယ်။
| Pages | 151 |
Comments