Document
Book's name - ပင်လယ်ပြာနှင့်တံငါအို

Price - 10000.00Ks

Author - မောင်ဆုရှင်

Description - တစ်ကြိမ်သောအခါက အဘိုးအိုတစ်ဦးသည် တံငါလှေလေးတစ်စင်းဖြင့် ပင်လယ်ထဲသို့ တစ်ကိုယ်တည်း ငါးဖမ်းထွက်ခဲ့ဖူးသည်။ မာလင်ငါးကြီးတစ်ကောင်ကို ငါးမျှားချိတ်တွင် ချိတ်မိ၍ ပင်လယ်နက်ထဲသို့ ပါသွားသည်။ ထိုအချိန်မှ နှစ်ရက်ကြာပြီးနောက် အခြားတံငါတို့သည် အဘိုးအိုအား ကမ်းခြေအရှေ့ဘက် မိုင်၆၀ဝေးသောနေရာတွင် သွားတွေ့၍ ပြန်လည်ခေါ်ဆောင်လာကြရသည်။ သူ့ကိုတွေ့သောအချိန်၌ ငါးကြီး၏ခေါင်းပိုင်းနှင့် ရင်ပိုင်းအချို့သာကျန်တော့သည်။ သူသည် ငါးကြီးကို ​လှေနှင့်တွဲ၍ ချည်လာခြင်းဖြစ်သည်။ ကြွင်းကျန်သော ငါးကြီး၏အသားများမှာ ပေါင်ချိန်ရှစ်ရာထွက်သည်။ အဘိုးကြီးသည် ငါးကြီးနှင့်အတူ တစ်နေ့နှင့်တစ်ည ၊ ပြီးတော့ နောက်ထပ်တစ်နေ့နှင့် တစ်ညမျှ အတူနေရင်း ငါးကြီးဆွဲရာသို့ ပါသွားခဲ့သည်။ ငါးကြီးပေါ်လာသောအခါ လှေနားသို့ဆွဲ၍ မှိန်းနှင့် ထိုးပြီး သတ်ခဲ့ခြင်းဖြစ်သည်။ ငါးသေကောင်ကြီးကို လှေနှင့်တွဲ၍ ချည်လာသောအခါ ငါးမန်းများနှင့် တွေ့၍ အဘိုးအိုသည် ငါးမန်းများကို ရှိရာလက်နက်ဖြင့် တစ်ကိုယ်တည်း ထိုးခုတ်၊ ရိုက်ပုတ်၍ တိုက်ခိုက်လာခဲ့သည်။ တံငါများက သူ့ကိုတွေ့သောအချိန်၌ အဘိုးအိုသည် လှေပေါ်တွင် ငိုကြွေးလျက်ရှိပြီး ငါးမန်းများမှာလည်း လှေအနီးတွင် ရစ်ဝဲလျက်တွေ့ရသည်။ ” ဟုရေးသားထားသည်။

Pages 253

Comments