Document
Book's name - ဒီမိုကရေစီအပြောင်းအလဲ

Price - 22000.00Ks

Author - ကျော်ဝင်း

Description - ဒီမိုကရစ်တစ် မဟုတ်သောအခြေနေ (တစ်နည်း) အာဏာရှင်စနစ်မှ ဒီမိုကရေစီ ခိုင်မာရင့်ကျက်သော အခြေအနေထိ သွားကြရသော ခရီးရှည် ခရီးကြမ်းကြီးကို ဒီမိုခရက် တိုင်ဇေးရှင်း (ဒီမိုကရေစီ အပြောင်းအလဲ) ခေါ်ဆိုနိုင်ပါလိမ့်မည်ဟု ဆရာကျော်ဝင်း က ဖွင့်ဆိုထားသည်။ စာအုပ်တွင် -သီအိုရီများ -လှိုင်းသီအိုရီ -ဒီမိုခရက်တိုင်ဇေးရှင်းဒီဘိတ် -ဒီမိုခရက်တိုင်ဇေးရှင်း ဆက်စပ်အခြေနေများ -ဒေသအလိုက် ဒီမိုခရက်တိုင်ဇေးရှင်း -ဒီမိုခရက်တိုင်ဇေးရှင်း အဆင့်များ -အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ၊ နိဂုံး …. အခန်း (၇) ခန်းခွဲ၍ ပြုစုထားပါသည်။ • ဖီလစ်ပီရှမစ်ထာ ၊ ဖရန်စစ်ဖူကူယားမား ၊ ထောမတ် ကရိုသာ ၊ လာရီဒိုင်းမွန်း နှင့် မတ်ပလက်နာ ၊ အက်(ဖ)ဒလျူ ဒီ ကလပ်(ခ) ၊ ဟန်တင်တန် စသော နိုင်ငံ‌ရေးသိပ္ပံပညာရှင်များ၏ စာတမ်းနှင့် စာအုပ်များကို ကိုးကား၍ ‌ရေးသားထားသော စာအုပ်ဖြစ်သည်။ကမ္ဘာလုံးချီ၍ ဒီမိုခရက်တိုင်ဇေးရှင်း ဆက်စပ်အခြေနေများကို ပညာရှင်များ၏ အမြင်များနှင့် နှိုင်းချိန် တင်ပြထားပါသည်။ • မြန်မာဒီမိုကရေစီ အရေးနှင့် ပတ်သက်၍လည်း ဆောင်းပါးနှစ်စောင်ဖြင့် ဖြည့်စွက်ထားရာ နိုင်ငံရေးသိပ္ပံနှင့် ဒီမိုကရေစီအရေး လေ့လာနေသူအတွက် ဦးနှောက်မုန်တိုင်းဆင်စရာ စာအုပ်တစ်အုပ်ဟုသာ ညွှန်းဆိုပါရစေ။

Pages 470

Comments