Price - 10500.00Ks
Author - တက္ကသိုလ်ဘုန်းနိုင်
Description - “မောင့် .. ထားသခင် မြစိမ်းရှင်ထံ မကြင်သူအား ကြင်မိမှားမို့ သနားခွင့်ထူး မပန်ဖူးပါ နွေဦးအတိတ် ချစ်နိမိတ်ဟု ဖိုလ်ဟိတ်ထင်မှတ် သည်လွမ်းဇာတ်ကား ထုပ္ပတ်စတင် ဦးမှာပင်က သက်ငင်ရွက်တို့ ကြွေသောလ .. “ မြတ်သော ဆွေလည်းမရှိ၊ မျိုးလည်းမရှိ ၊ မြတ်သော ဘာမှမရှိသည့် “မြတ်ဆွေ” ။ သူ့တွင် မာနရှိသည်၊ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားချင်စိတ်ရှိသည်၊ ဂီတကိုချစ်စိတ်ရှိသည်၊ သဘာဝကိုချစ်စိတ်ရှိသည်၊ ထားကိုချစ်သည်။ အနှီမြတ်ဆွေ .. ထိုမြတ်ဆွေ တွေ့မိသူက အလွန်လှသော ၊ အလွန်ဂုဏ်ကြီးသော ၊ အလွန်ဘိုဆန်သော၊ ယောက်ျားဟူသမျှကို အထင်မကြီးသော “ထား” ။ ဒုတိယကမ္ဘာစစ်ကာလနှင့် မြန်မာပြည်နိုင်ငံရေးအခြေအနေကို နောက်ခံထားပြီး သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှု၏ နောက်ပိုင်းတွင် ဖြစ်လာသမျှကား ချစ်စရာ ၊ လွမ်းစရာ ၊ ရင်နင့်စရာ ၊ သံဝေဂရစရာများပင် … ။ ” ခန္ဓာကိစ္စရောဂါမှန်သမျှသည် အခြေခံ အစပျိုးမှုရှိသကဲ့သို့ လူမှုရောဂါဆိုးတို့၌လည်း အခြေခံအစပျိုးမှုရှိသည်။ လူငယ်ပြသနာ၏ အခြေခံအစပျိုးမှုရှာလျှင် မိဘတို့စီမံဖန်တီးပေးသော ပတ်ဝန်းကျင်ကို လက်ညှိုးတည့်တည့်ထိုးရပေမည်။ မလိုလားအပ်သော ယင်းပတ်ဝန်းကျင်မျိုးကို အကယ်၍ ဖန်တီးပေးမိပါက…… ယခုအမှုကဲ့သို့ ရင်ကွဲဖွယ်ရာ အဘက်ဘက်မှ ကိုယ်ကျိုးနည်းမှုတို့သည် မလွဲမရှောင်သာဖြစ်ပေါ်လေမည် “
| Pages | 352 |
Comments