Price - 18000.00Ks
Author - နိုင်ဦး
Description - ကျောက်စိမ်းမြေသည် ကမ္ဘာကျော်ဆွီဒင်လူမျိုးသတင်းထောက် ဘာတီး(လ်)လင့်တနာ၊ သူ၏ဇနီး ဆိုင်နောင့်လင့်တနာနှင့် လသားအရွယ် သမီးလေးဆိုင်တိုင်းတို့ အိန္ဒိယပြည်မှ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်၍ တရုတ်ပြည်သို့ သွားရောက်ခဲ့သော ကီလိုမီတာ ၂၂၇၅ ရှိသည့် ခြေလျင်ခရီးကြမ်းကို ကမ္ဘာကသိအောင် ရေးဖွဲ့ထားသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း နိုင်ငံခြားသားတို့ ခြေချခွင့်မရှိသော အိန္ဒိယအရှေ့မြောက်နာဂဒေသမှ ချင်းတွင်းမြစ်ကို ဖြတ်ကာ ကေအိုင်အေ ထိန်းချုပ်ရာ ဒေသများ ဖြစ်သော ဟူကောင်းချိုင့်ဝှမ်း၊တြိဂံဒေသ၊ ပါဂျောင်မှ ဗပက စိုးမိုးရာဒေသများဖြစ်သည့် စီစီဝမ်၊ ကိုးကန့်ဒေသနှင့် ၀ တောင်တန်း၊ ပန်ဆန်း နှင့် ရှမ်းတော်လှန်ရေးအဖွဲ့များ စိုးမိုးရာ ကျိုင်းတုံတောင်တန်းကို ဖြတ်၍ ဆစ်(ပ်) ဆောင်ပန်နားအထိ ခရီးကြမ်းတစ်ခုကို တစ်နှစ် ခြောက်လနှင့် ခြောက်ရက်ကြာ ခြေလျင်ခရီးနှင်ခဲ့ကြသည်။ ထိုခရီးကြမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN), ကချင် (KIA), ရှမ်း (SNA)၊ ဗကပ (CPB)တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ထိုစဉ်က ဝိုးတဝါးမျှသာ သိထားသည့် မြန်မာပြည်၏ပြည်တွင်းစစ်အကြောင်းများ၊ မြန်မာ့တပ်မတော်နှင့် ဗကပတို့၏ နာမည်ကျော်တိုက်ပွဲဖြစ်သော စီစီဝမ်တာပန်တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့အနီးကပ်လေ့လာပြီး ကမ္ဘာကသိအောင် တင်ပြနိင်ခဲ့သည်။
| Pages | 537 |
Comments