Price - 10000.00Ks
Author - မြသန်းတင့်
Description - “ဓားတောင်” တွင်အဓိက ဇာတ်ဆောင် လေးဦးသာ ပါပါသည်။ ဇာတ်ဆောင် လေးဦးတို့ အနက် တစ်ဦးမှာ အလုပ်သမားသံချောင်း၊ နောက်တစ်ဦးမှာ အိမ်ပြေး ရဲမြင့်၊ နောက်တစ်ဦးမှာ ကဗျာဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် အလုပ်လက်မဲ့ဖြစ်နေသော ပညာတတ် ကိုနန္ဒာနှင့် မှောင်ခို စက်လှေ ပိုင်ရှင် ဦးဘရန်တို့ဖြစ်ပါသည်။ သူတို့လေးဦးသည် သင်္ဘောပျက်ပြီး ကျွန်းကလေး တစ်ကျွန်းပေါ်သို့ ရောက်သွားသည့်အခါတွင် လူ့အဖွဲ့အစည်းကလေးတစ်ခုကို ထူထောင်ခဲ့ကြပါသည်။ သံချောင်းတို့သည်လက်တွေ့ကျသူ ဖြစ်ပါသည်။ ဘ၀အခက်အခဲတို့ကို ရင်ဆိုင်ရဲသူဖြစ်ပါသည်။ ကိုနန္ဒာသည် စာတွေ့ကို သိထားသူဖြစ်ပါသည်။ ရဲမြင့်သည် လမ်းမှားသို့ရောက်နေရာမှ သံချောင်းကိုကြည့်ပြီး လမ်းမှန်သို့ ရောက်သွားသူဖြစ်ပါသည်။ ဦးဘရန်သည် ရောက်လေရာရာတွင် ကိုယ်ကျိုး ကြည့်သူ ဖြစ်ပါသည်။
| Pages | 247 |
Comments